Saturday, February 2, 2013
အိသရနန့် ရခိုင်ဘာသာစကားဆက်နွယ်မှုများ
ရခိုင်တေးခြင်းတိ နားထောင်ယင်းနန့် ရခိုင်စာပီကိုစိတ်ဝင်စားစ အရွယ်မာ ရခိုင်စာပီဆိုစွာ ရခိုင်စကားသံတိ ကို ဗမာနန့်သတ်ပုံမတူအောင်ရီးသားရရေ စာပီဖြစ်တေလို့ ထင်မှတ်ခပါရေ။ ယင်းအတွက်နန့် ချစ် ကို ချိုက် ၊ ကြိုက် ကို ကျပြန်ကေ ကြစ် ရီးပနာ ဗမာနန့်မတူရေ အရီးအသားတိနန့်ကျင်ကိုင်နီခလီပါယင့်။ ယင်းအချိန်က အိ သရတချို့ကို အိန့်သရသံနန့် ပြောရေ အကြောင်းကိုလေ့ မသိရေအတွက် ‘ရခိုင်စာပီသင်ရိုး’ လို့ ထင်မှတ်ခရေ ရခိုင်တေးခြင်းစာအုပ်ထဲက အီးသရတစ်လုံးဧ့ အဓိပ္ပါယ်ကို ရှာဖွီယင်း ခခဲမွိနီခပါရေ။ ယင်း ‘အီး’သရက ဇာလေးဆိုကေ ကိုမြတ်ခိုင်ကျော်ဧ့ ‘တမ်းတမိရေဝေ’ တေးခြင်းထဲက ‘တောင်ညိုပြာရိုးမဆီးစွာ ပျံချင်ခါနိမ့် ယက်လခလာ’ တေးခြင်းစာသားမာပါရေ ‘ဆီး’ ဖြစ်ပါရေ။ဧတေးခြင်းစာသားထဲက ‘ဆီး’ ကို အကျွန်ရို့နိ့စဉ်သုံး ရခိုင်စကားတိမာ ‘ဆိန်း’ ဆိုပြီးကေ အိန်းသရ(လုံးတင်နသတ်ရှိကပေါက်)သံနန့် ပြောကတ်တေ။ ကာဆိန်း၊ထရံဆိန်း၊အောင်လူဆိန်း ဆိုပြီးကေပြောကတ်တေပိုင် စာရီးရေခါ ကာဆီး၊ ထရံဆီး၊ အောင်လူဆီး ဆိုပနာရီးရရေလို့ အကျွန်မသိခရေအတွက် ယင်း ‘ဆီး’ ဧ့ အဓိပ္ပါယ်ကို ရှာမရဖြစ်နီခစွာပါ။ ကိုမြတ်ခိုင်ကျော်ကိုယ်တိုင်ကလေ့ ‘ဆီး’ ကို ‘ဆိန်း’ လို့ ရခိုင်အသံနန့်မဆိုဘဲ ဗမာအသံထွက်နန့် ဆိုခရေအတွက်ကြောင့် ရခိုင်ဘာသာစကားနန့် ရခိုင်စာပီစွာ လမိုင်းမကပ်ဖြစ်နီလီခပါယင့်။ အိသရသံတိကို ဖတ်ကတ်တေခါ ပုံမှန်အားဖြင့် ရခိုင်နန့်ဗမာရို့ တူကတ်ကေလေ့ အက္ခရာ ၃၆ လုံး ဟိစွာထဲကအက္ခရာ ၁၀ လုံးလောက်ဧ့ အိသရသံတချို့ကို ရခိုင်ရို့က အိန့် သရ(လုံးတင်နသတ်အောက်မြိတ်)သံနန့် ပြောကြောင်းသိရပါရေ။
ရခိုင်အရီးအသား ရခိုင်အသံထွက်
ငြိလားခဗျာလ် ငြိန့်လားခဗျာလ်
ညီချေ ညိန်ချေ
ဂေါင်းညီး ဂေါင်းညိန်း
ထရံဆီးထားရေ ထရံဆိန်းထားရေ
အောင်လူဆီး အောင်လူဆိန်း
နိရက်(နိ့ရက်) နိန့်ရက်
အနီရောင် အနိန်ရောင်
ရင်းနှီး ရင်းနှိန်း
မှင်းကျိုးသီးအပိ မှင်းကျိုးသီးအပိန့်
ပြိနီယင့် ပြိန့်နိန်ယင့်
အမိ အမိန့်
အမွီ အမွိန်
မီးလောင် မိန်းလောင်
မစားသိ(မစားသိ့) မစားသိန့်
တန်းသီ တန်းသိန်
ကြက်သီး ကြက်သိန်း
နှသွီး(နှုတ်သွီး) နှသွိန်း(တန်းခိုးဆရာထွန်းဧ့ ပန်းနီလာသာခြင်းမှ)
ဟိရေ ဟိန့်ရေ
မြည်ဟီး မြည်ဟိန်း
ရခိုင်ဘာသာစကားနန့်ရခိုင်စာပီကို လေ့လာမှုအားနည်းရေ ရခိုင်တိစွာ ဖော်ပြပါ အိသရတိထဲကတချို့ကို အသံထွက်ဖက်ကို လိုက်ပနာ အိန့် သရ(လုံးတင်နသတ်အောက်မြိတ်)အရီးအသားနန့် ရီးသားလာကတ်စွာကို တွိလာရပါရေ။ အောင်လူဆီး ကို အောင်လူဆိန်း၊နိ့ရက် ကို နိန့်ရက်၊အောက်မိ ကို အောက်မိန့် ၊ဟိရေ ကို ဟိန့်ရေ ဆိုပနာ အသံထွက် ဖက်ကိုအလီးပီးပနာ ရီးသားကတ်စွာတွိရပါရေ။ ယင်းပိုင်ရီးဖို့တစ်ခါ ပျင်တိုင်း အကျွန်ရို့တိမာ အိသရတိကို အိန့် သရ(လုံးတင်နသတ်အောက်မြိတ်)သံနန့် ဖတ်တေမလား လို့ တစ်ခါ စဉ်းစားကတ်ဖို့လိုပါရေ။ ဗမာအသိုင်းအဝိုင်းနန့် နီးစပ်တေ ရခိုင်တချို့ကျခါ ရခိုင်စကားသံတိကို စံမမွီရေစကားသံအဖြစ်သတ်မှတ်ပနာ အိန့် သရသံနန့် ဖတ်တေ အိ သရသံတချို့ကို ဗမာတိဖတ်တေအတိုင်း ဖတ်လာကတ်စွာ တွိရပါရေ ။အောင်လူဆိန်း လို့ ဖတ်ရဖို့စွာကို အောင်လူဆီး၊ ကြက်သီး လို့ ဖတ်ရဖို့စွာကို ကြက်သီး၊မြည်ဟိန်း လို့ ဖတ်ရဖို့စွာကို မြည်ဟီး ဆိုပြီးကေ ဗမာတိဖတ်တေပိုင် ဖတ်လာကတ်ပါရေ။ဘာသာစကားတိုင်းမာ ခြွင်းချက်တိဟိရေပိုင် ခြွင်းချက်တိ များအားကြီးလို့ ရီးကေအမှန် ဖတ်ကေအသံ မူကို ကိုင်စွဲထားရေ ဗမာရို့မာလေ့ အိ သရ အရီးအသားကို အိန့်သရ(လုံးတင်နသတ်အောက်မြိတ်)သံနန့်ဖတ်တေ ဝေါဟာရတစ်ခုဟိပါရေ။ ရခိုင်ရို့က စက်သီး လို့ခေါ်ရေ ဂါရီသီး(တာယာ)နှစ်လုံး နန့် လူစီးယာဉ် ကို ဗမာရို့က ‘စက်ဘီး’ လို့ ရီးပနာ စက်ဘိန်း လို့ ဖတ်ခြင်းရေအိသရအရီးအသားကို အိန့် သရ(လုံးတင်နသတ်အောက်မြိတ်)နန့် ရီးခြင်းပင်ဖြစ်ပါရေ။
ဗမာစာပီရေ ရခိုင်စာပီကဆင်းသက်လာရေလို့ပြောကတ်တေပိုင် ဗမာစာပီရေ ရခိုင်စာပီဖြစ်တေလို့ ဆိုကတ်ကေလေ့ ရခိုင်စာပီနန့် ဗမာစာပီရေ ဆန့်ကျင်ကွဲလွဲမှုတိဟိကတ်စွာကားအမှန်ပင်ဖြစ်ပါရေ။ ရခိုင်ရို့က အီသရသံနန့် ပြောဆိုစွာတိကို ဗမာရို့က အေသရသံနန့် ပြောကတ်ပနာ ရခိုင်ရို့ဧ့ အေသရသံတိကို ကျခါ ဗမာရို့က အီသရသံနန့် ပြောကတ်ပြန်ရေ။ ဗမာရို့ဧ့ သေကြေ၊၊ ကမ်းခြေ၊ ငွေမောင်း၊စေခိုင်း၊ တွေ့ဆုံ၊အထွေး၊ နွေရာသီ၊ စာပေ၊ ရှာဖွေ၊အမွေ၊သောက်ရေအိုး၊လေပွေ၊ ရေကန်၊ မြေပြင်၊ အစဟိရေ အေ၊ အေ့၊ အေးသရတိကို ရခိုင်ရို့က သီကြီ၊ ကမ်းခြီ၊ ငွီမောင်း၊ စီခိုင်း၊တွိဆုံ၊အထွီး၊ နွီရာသီ ၊ စာပီ၊ ရှာဖွီ၊ အမွီ၊သောက်ရီအိုး၊လီပွီ၊ရီကန်၊ မြီပြင်ဆိုပြီးကေ အိ၊အီ၊အီး သရသံတိနန့် ပြောကတ်ပါရေ။ ခြွင်းချက်အနီနန့် ကြီးမား၊စီးပွား၊လုပ်ကျွေး ၊ဖေးမအစဟိရေ ဘုံသုံးသရ စကေတပွေတော့ခါ ဟိပါရေ။
ရာစုနှစ်နန့် ချီပနာရှည်ကြာလာရေ ကျွန်ဘဝမာ ဗမာစာပီကို ကိုယ့်စာပီနီရာမာ အစားထိုး သင်နီကတ် ရစွာကတစ်ကြောင်း၊ကိုယ့်စာပီဖြစ်တေ ရခိုင်စာပီကို ဖော်ထုတ်သင်ကြားခွင့်မရစွာကတစ်ကြောင်း အိ၊အီ၊အီး သရသံတချို့ရေ ရခိုင်ရို့ဧ့ ပဇဖျားမာ အေ၊အေ့၊အေးသရသံအဖြစ် အခြီယိုင်ပါလတ်စွာတွိရပါရေ။ ငွေကြေး၊ သူဌေး၊မြေပြင် အစဟိရေ အေ၊ အေ့၊အေး သရသံတိစွာ မူလ အိ ၊အီ၊ အီး သရသံတိက အခြီယိုင်ပါ လတ် တေပိုင် ဖြီ၊ကြီ ရို့ပိုင် နှစ်ဖက်ခွထိုင်ပနာ အခြီယိုင်နီရေ အီသရ တချို့လေ့ဟိလာပါရေ။ အဖြေနန့် ကြိုးဖြီ ၊အစာကြေနန့် ကြီမွ ရို့ကို အေသရနန့် အီသရ ခွဲခြားပနာ သုံးနီကတ်ကေလေ့ အဓိပ္ပါယ် တတူပင်ဖြစ် ပါရေ။ရခိုင်စာနန့် ဘာသာစကားတိ ကမောက်ကမ ဖြစ်နီရစွာရေ ဗမာစာနန့် ဘာသာစကား တိကြောင့်ဖြစ် တေအတွက် ဗမာစာပီနန့်မတူရေ ရခိုင်အရီးအသားတိနန့် ရခိုင်စကားအသံထွက်တိကို ဖော်ထုတ် ထိန်းသိမ်းကတ်ဖို့လိုပါရေ။
အထက်မာတင်ပြခယှောင်မျိုး ရခိုင်ကသံမာဖြစ်တေအီသရကိုသုံးပနာ ဗမာတိက အေသရကို သုံးကတ်တေပိုင် ဗမာတိနန့် အရီးအသားတူပြီးကေ ရခိုင်ကအေသရသံနန့်ပြောပနာ ဗမာက အီသရသံ ပြောစွာတိလေ့ဟိပါသိ့ရေ။ယင်းချင့်ကား ဗမာတိနန့်အရီးအသားမာတူပြီးကေ အသံထွက်ကွဲရေ ‘အည်’(ညသတ်) ပင်ဖြစ်ပါရေ။ ညသတ် အများစုကို ဗမာရို့က အီသရသံ(သံမာ) နန့် ပြောကတ်ကေလေ့ ရခိုင်ရို့မာကား ယင်းတိုင်သားတိနန့် ဆန့်ကျင်ဖက်ဖြစ်တေ အေသရသံ(သံပျော့)တိနန့် ပြောကတ်ရပါရေ။
စံအရီးအသား ရခိုင်အသံထွက် ဗမာအသံထွက်
ကြည်နူး ကြေနုန်း ကျီနူး
ရောင်ခြည် ရောင်ခြေ ယောင်ဂျီ
စည်းကမ်း စေးကမ်း စီးကမ်း
ဆည်မြောင်း ဆေမြောင်း ဆီမျောင်း
တည်တံ့ တေဒံ့ တီတန့်
အနည် အနေ အနီ
တပည့်တော် တဗေ့ဒေါ် တဗျိဒေါ်
နာမည် နာမေ နာမျီ
ရည်စူး ရေဇူး ယီဇူး ။ ‘မည်’နန့် ‘သည်’ ကို ဝါကျအဆုံးမာ သုံးရေခါတော့ခါ ဗမာတိပြောရေပိုင် ‘မီ’၊ ‘သီ’ လို့ ပြောကတ်ပါရေ။ဧချင့်ကလေ့ ဗမာစာပီသင်ဖန်များလာရေအတွက် ဗမာတိပါးက ကူးစက်လာစွာ ဖြစ်ဖို့များပါရေ။ (ဗမာတိမာ အည် သရ တချို့ကို အေ အရသံနန့် ဖတ်စွာတိလေ့ဟိပါရေ။) ညသတ်တချို့ကို ရှီးခေတ်ရခိုင်ရို့က ‘အိုင်’(လုံးတင်ချောင်းငင်ငသတ်)သံနန့် ပြောခကတ်ပါရေ။ ဆရာကြီးမောင်စံဖော်က ရှီးခေတ်ရခိုင်အရီး‘လည်ပင်း’ ကို ရခိုင်ကို ရခိုင်ရို့က ‘လိုင်ဖင်း’ ဖတ်ကြောင်း ရိုးမခေါ်သံစာအုပ်က ဆောင်းပုဒ်မာရီးထားရေပိုင် ရခိုင်သင်ပုန်းကြီးမာလေ့ ‘ကည်’ရေ ‘ကိုင်’ အသံထွက်ကြောင်းဖော်ပြထားပါရေ။ယင်းအပြင် ညကြီး(ည)ထဲမာ ပါရေ ညချေ(ဥ)ကြောင့် ညကြီး(ည)ရှိက ‘အ’သရကို ‘အိုင်’ (လုံးတင်ချောင်းငင်ငသတ်) သံနန့် ဖတ်ရစွာတိလေ့ ရခိုင်စာပီမာ ဟိပါသိ့ရေ။ အညမည ကို အိုင်ညမိုင်ည၊ ဓညဝတီကို ဓိုင်ညဝတီ ၊ ပညာ ကို ပိုင်ညာ လို့ ဖတ်ကတ်စွာတိရေ ရခိုင်စာပီနန့် ဘာသာစကားတိဧ့ ထူးခြားမှုပင်ဖြစ်တေ။
အကျွန်ရို့ရခိုင်စာပီနန့် ဘာသာစကားနယ်ပယ်မာ ဧပိုင်ထူးခြားပြီးကေ ဗမာနန့်မတူရေ အရီးအသား အပြောအဆိုစကားသံတိ မကန်ဟိပါသိ့ရေ။ ရခိုင်လူမျိုးရို့အနီနန့် ယင်းချင့်တိကို ထုတ်ဖော်ရီးသား ပြောဆိုယင်းနန့် ရခိုင်စာပီနန့်ဘာသာစကားကို ထိန်းသိမ်းကာကွယ်စောင့်ယှောက် သင့်ပါရေ။ ယင်းပိုင်ထိန်းသိမ်းစောင့်ယှောက်မှရာ ရီမြင့်မှကြာတင့် ဆိုရေစကားပိုင် ရခိုင်စာပီအခြီမြင့်ပနာ ရခိုင်လူမျိုးလေ့သော့ ကမ္ဘာ့အလယ်မာ တင့်တယ်လာပါလိမေ။
ခိုင်မင်းဇံ(ရခိုင်ပြည်)
No comments:
Post a Comment